Press ESC to close

သတ်မှတ်ရက်အတွင်းမရောင်းချပါက ပိတ်သိမ်းခံရတော့မယ့် Tik Tok

အမေရိကန်အစိုးရက Tik Tok ကို Jan 15 2025 ရက် နောက်ဆုံးထားပြီးမရောင်းချပါက ပိတ်သိမ်းတော့မယ်လို့ဆိုပါတယ်။

ဒါပေမယ့် U.S President ရဲ့လုပ်ပိုင်ခွင့်အရ ဒီဥပဒေကို နောက်ထပ် ရက်ပေါင်း ၉၀ ထိ One Time Extension တိုးပိုင်ခွင့်ရှိတာကြောင့် အဲ့လိုသာတိုးလိုက်မယ်ဆိုရင် လာမယ့် April 19, 2025 ထိတော့ အချိန်ဆွဲဆန့်ထားလို့ရပါသေးတယ်။ ဒါကြောင့် ပေးထားတဲ့အချိန်အတောအတွင်းမှာ US က Tik Tok ရှယ်ယာတွေကို အပြီးသတ်ရောင်းချဖို့လိုအပ်ပါတယ်။

အမေရိကန်ပြည်သူတွေကတော့ ဒီကိစ္စအပေါ် မကျေနပ် ဆန္ဒပြတာမျိုးတွေဖြစ်နေပြီး ဒီအပေါ်မှာ အပြောင်းအလဲတွေထပ်ဖြစ်လာဦးမလား? သတ်မှတ်ထားတဲ့အတိုင်း နောက်နှစ် April လမတိုင်ခင် US မှာ Tik Tok အပြီးတိုင်ပိတ်သိမ်းသွားမလား? စောင့်ကြည့်ရဦးမယ့် အနေအထားတစ်ခုပါ။ တကယ်လို့ ဒီကိစ္စသာ အတည်ဖြစ်သွားခဲ့ရင်လည်း US က Creators တွေကြားထဲ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ရိုက်ခတ်လာဦးမှာ အသေအချာပါပဲ။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *