Press ESC to close

မြန်မြန်ရောင်း များများအမြတ်ထွက်မယ့် ECOMMERCE APPS

မြန်မြန်ရောင်း များများအမြတ်ထွက်မယ့် ECOMMERCE APPS

အလိုချင်ဆုံးအချိန်မှာ အမြန်ဆုံးရောင်းချပေးခြင်းဟာ အကောင်းဆုံးမာကတ်တင်းနည်းလမ်းဆိုတာ သင်သိပါသလား?

သင် Facebook ကနေ စျေးရောင်းပြီဆိုပါစို့ …
ဝယ်သူတွေက သင်ရောင်းချတဲ့ပစ္စည်းကို ဝယ်ယူလိုတဲ့အခါ

  • ဒီပစ္စည်းလေးရှိလား?
  • ဘာအရောင်တွေလာလဲ?
  • ဈေးကဘယ်လောက်လဲ?
  • ဆိုဒ်ဘယ်လောက်ရှိလဲ?
  • Delivery ခ ဘယ်လောက်ကျလဲ စသည်ဖြင့် မေးခွန်းများစွာ မေးမြန်းကြပါတယ်။

အဲ့လိုအချိန်မှာ သင်ဟာရောင်းသူတစ်ဦးအနေနဲ့ ဝယ်သူသိချင်တဲ့အချက်အလက်တွေ မြန်မြန်ဆန်ဆန်ဖြေပေးနိုင်လေ အရောင်းအဝယ်ဖြစ်ဖို့ သေချာလေပါပဲ။ ဒါဆို Sales Cycle Length တိုတောင်းတယ်လို့ခေါ်ပါတယ်။

တကယ်လို့ မေးမြန်းသူတွေ စုပြုံလို့ အလှည့်ကျဖြေပေးနေရတာဖြစ်ဖြစ်၊ အချက်အလက်တွေတစ်ခုချင်းပြန်စစ် ပြန်ဖြေနေရတာဖြစ်ဖြစ်၊ ဝယ်သူသိချင်တဲ့မေးခွန်းတွေအတွက် အဖြေဟာ အချိန်ကြာနေတဲ့အခါ Sales Cycle Length ရှည်လျားသွားပြီး အရောင်းအဝယ်ဖြစ်မဖြစ် မသေချာတော့ပါဘူး။ ဒီလိုကနေ ရောင်းအားတချို့ဆုံးရှုံးနစ်နာတတ်ပါတယ်။

Ecommerce Apps မှာဆိုရင် ဝယ်သူသိချင်တဲ့ Information မှန်သမျှ တန်းသိနိုင်အောင် အော်တိုစီစဉ်ပေးထားပြီး ချက်ချင်းအော်ဒါတင် ငွေချေလို့ရတဲ့ Feature တွေပါ ပါဝင်တာကြောင့် ဝယ်သူတွေအနေနဲ့ ဝယ်ယူမှုဆုံးဖြတ်ချက် မြန်မြန်ချနိုင်စေမယ့်အပြင် ရောင်းသူဘက်ကကြည့်ရင်လည်း လုပ်ငန်းကနေ အမြတ်ပိုထွက်စေတာကြောင့် အကောင်းဆုံး မားကတ်တင်းနည်းလမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်ရှင်။

သင့်လုပ်ငန်းရဲ့Marketing Level ကို E-Commerce Apps များနဲ့ တစ်ဆင့်မြှင့်တင်ဖို့ အသေးစိတ်ဆွေးနွေးလိုပါက Hotline – 09 4210 140 55 ကိုဆက်သွယ်နိုင်ပါတယ်ရှင်။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *