Press ESC to close

App.com.mm နဲ့ DigitalMarketing.com.mm တို့ပူးပေါင်းပြီး မတည်လှူဒါန်းမယ့် ကထိန်ပွဲကြီး

App.com.mm နဲ့ DigitalMarketing.com.mm တို့ပူးပေါင်းပြီး ကမကထပြုကာ မြတ်သောညှပ်သင်္ကန်းကြီး လှူဒါန်းကြမယ့် ကထိန်ပွဲတော်

ကုသိုလ်ပါဝင်လိုသူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
လူရယ်လို့ ဖြစ်လာရင် အနှစ်သုံးပါးနဲ့ ကင်းကွာလို့မရပါဘူး။

  • ကျန်းမာခြင်းရဲ့အနှစ်ဟာ သီလ၊
  • ချမ်းသာခြင်းရဲ့အနှစ်ဟာ ဒါန၊
  • အသက်ရှည်ခြင်းရဲ့အနှစ်ဟာ ဘာဝနာ။

စီးပွါးရေးတွေ ကောင်းမွန်ဖို့ လာဘ်လာဘတွေရွှင်လန်းဖို့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းခြင်းကလည်း ချမ်းသာခြင်းကို အထောက်အပံ့ပေးတဲ့ အနှစ်သာရဖြစ်လို့ အလှူအတန်းအတွက် လက်မနှေးဖို့လည်း နှိုးဆော်တိုက်တွန်းရင်း …

Hap Eye Co.,Ltd ကနေ မတည်လှူဒါန်းတော့မယ့် ဤမြတ်သောဒါနမှာ တစ်ထောင့်တစ်နေရာ ပါဝင်ကုသိုလ်ယူလိုတဲ့ လုပ်ငန်းရှင်များကိုလည်း လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါတယ်။ သဒ္ဒါတရား နည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်သလို ကထိန်နေ့မှာလည်း လာရောက်ဆင်နွှဲကြဖို့ တစ်ခါတည်း ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။

ပိုမိုကောင်းမွန်တဲ့ နှစ်သစ်မှာ ပိုမိုတိုးတက်သော လာဘ်လာဘများနဲ့ အတူတကွ ဆက်လက်လက်တွဲသွားကြဖို့လည်း Hap Eye Co.,Ltd မိသားစုမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်။

အလှူတော်ကြီးကိုတော့ အမှတ် ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ခြိမ့်သဲစွာ ကျင်းပသွားမှာပဲ ဖြစ်တာကြောင့်
ကုသိုလ်ယူ ပါဝင်လိုသူများအနေနဲ့ ဖုန်းနံပါတ် 📞 09-4210 140 55 သို့ တိုက်ရိုက်ဆက်သွယ်ထည့်ဝင်နိုင်ပါတယ်ခင်ဗျာ။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *