Press ESC to close

Default POS နဲ့ Customized POS ကွာခြားချက်

Default POS နဲ့ Customized POS ကွာခြားချက်

လုပ်ငန်းရှင်အများစုက POS System စတင်အသုံးပြုဖို့စဉ်းစားတဲ့အခါ ရွေးချယ်စရာနှစ်ခုကြား တွေဝေတတ်ကြပါတယ်။

Default POSသုံးရင်ကောင်းမလား? Customized POS သုံးရင်ကောင်းမလား?

ဒီမေးခွန်းနှစ်ခုရဲ့အဖြေကို သေချာရှင်းလင်းစေဖို့Default POS နဲ့ Customized POS တွေကြားက ကွာခြားချက်တွေအကြောင်း ဒီကနေ့နှိုင်းယှဉ်ဖော်ပြပေးသွားပါမယ်။

Default POS

Default POSတွေရဲ့အကန့်အသတ်ရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုယ့်လုပ်ငန်းမှာ ထည့်သွင်းအသုံးပြုရတဲ့အခါ လုပ်ငန်းတွင်းနှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာနိုင်ပါတယ်။ Software သုံးနေတယ်ဆိုပေမယ့် တချို့နေရာတွေမှာ လူကိုယ်တိုင် Manual လိုက်ပါဆောင်ရွက်နေရတာတွေကို ကြုံတွေ့ရတတ်ပါတယ်။

Customized POS

Customized POS တွေဟာဆိုရင်တော့ စစချင်းမှာ ငွေကုန်ကြေးကျများသလို ထင်ရပေမယ့် တစ်ခါတပ်ပြီး တစ်သက်တာသုံးနိုင်တဲ့ System ကြောင့် တွက်ခြေကိုက်တယ်လို့ ဆိုရမှာပါ။
ဒါ့အပြင် ကိုယ့်လုပ်ငန်းက အလုပ်လုပ်နေတဲ့ Operation အဆင့်တွေ၊ Requirement Process တွေအတိုင်း တစ်ထပ်တည်းဖန်တီးပေးထားတာကြောင့် Business နဲ့ Highly Flexible ဖြစ်ပြီး

  • Admin Account တွေ ကြိုက်သလောက်ခွဲသုံးနိုင်တာ
  • Aftersales Service တွေပါတာကြောင့် Error တစ်ခုခုဖြစ်တာနဲ့ အမြန်ဆုံးပြင်ဆင်နိုင်တာ
  • လုပ်ငန်းကြီးထွားလာတဲ့အခါမှာလည်း New Feature တွေ New Product တွေ ထပ်ပေါင်းတိုးချဲ့နိုင်တာ စတဲ့ အားသာချက်တွေ ရရှိနိုင်ပါတယ်။

ဒါပေမယ့် စစချင်းမှာပြောခဲ့သလို စတင်အသုံးပြုတပ်ဆင်ချိန်အတွင်း စရိတ်စကများတာ၊ စက်ကိရိယာ နဲ့ System တွေကို ကျွမ်းကျင်အောင် ဝန်ထမ်းတွေကို အချိန်ပေး Train ရတာ စတဲ့အချက်လေးတွေတော့ ရှိနေနိုင်တာလည်း ဖြစ်ပါတယ်ရှင်။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *