Press ESC to close

Management Software နဲ့ Marketing Software ကွာခြားချက်

Software ရေးဆွဲတော့မယ်ဆိုရင် ကိုယ်ရေးဆွဲမယ့် Software က Management Software လား၊ Marketing Software လားဆိုတာ အရင်သိထားဖို့ လိုအပ်ပါတယ်။ အဲဒီ့နှစ်မျိုးက ဘာတွေကွာခြားတာလဲ။

အရိုးရှင်းဆုံးပြောရရင်တော့

Marketing Software ဆိုတာ လုပ်ငန်းကို ဈေးကွက်ထိုးဖောက်ရာမှာ ကူညီထောက်ပံ့ပေးမယ့် Software တွေဖြစ်ပြီး Management Software ဆိုတာကတော့ လုပ်ငန်းတွင်း လုပ်ငန်းစဉ်တွေကို ထိန်းချုပ်ရာမှာ ပံ့ပိုးပေးမယ့် Software တွေပဲ ဖြစ်ပါတယ်။

ဒီနှစ်မျိုးရဲ့အသုံးဝင်ပုံတွေက ဘယ်လိုရှိမလဲ?

ကိုယ့်လုပ်ငန်းကိုစျေးကွက်မှာပိုထိုးဖောက်ဖို့ Marketing Softwareတွေက အသုံးဝင်ပါတယ်။ ဒီ Software တွေက သင့်လုပ်ငန်းရဲ့အမှတ်တံဆိပ်နဲ့ ထုတ်ကုန်တွေကို ပိုမိုလူသိများစေပြီး Customer Care Level နဲ့ Sale (ရောင်းအား) တွေအထိ တိုးတက်လာစေဖို့ ကူညီပေးပါတယ်။ ဥပမာပြောရရင် –

  • E-Commerce Websites
  • E-Commerce Applications
  • Professional Websites
  • Booking Systems
  • Check Systems နဲ့
  • Loyalty Systems တွေပဲဖြစ်ပါတယ်။

Management Software တွေကတော့ လုပ်ငန်းတွင်း လွယ်ကူတိကျစွာ စီမံခန့်ခွဲဖို့ သုံးတဲ့ Software တွေလို့ ဆိုနိုင်ပါတယ်။ ဒီ Software တွေရဲ့အသုံးဝင်ပုံက အကြောင်းမျိုးစုံဖြစ်နိုင်ပြီး အရောင်းစာရင်းပိုင်း၊ HR ပိုင်း၊ Accounting ပိုင်း၊ Inventory & Warehouse ပိုင်း စတဲ့ လုပ်ငန်းတွင်းမတူညီတဲ့ ကဏ္ဍအသီးသီးကို စီမံခန့်ခွဲရာမှာ အသုံးချလို့ရပါတယ်။

ဥပမာ ပြရင်

  • POS System
  • Accounting Software
  • Inventory Management
  • HRM
  • CRM စတာတွေပဲဖြစ်ပါတယ်။

ဆန်းစစ်ကြည့်လိုက်ရင် Software အမျိုးအစားနှစ်မျိုးစလုံးက လုပ်ငန်းတွင်း စနစ်တကျနဲ့ အခြေခိုင်ဖို့ရော လုပ်ငန်းပြင်ပမှာ ရောင်းအားတက် လူသိများစေဖို့ပါ အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်ရှင်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းများအတွက် အသုံးဝင် Software များရေးဆွဲဖို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 09-4210 140 55 ကို ဆက်သွယ်လိုက်ပါနော်။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *