,

PRODUCTION လုပ်ငန်းတွေအတွက် POSသုံးနည်း (3)ချက်

PRODUCTION လုပ်ငန်းတွေအတွက် POSသုံးနည်း (3)ချက်

Production လုပ်ငန်းတွေအနေနဲ့ ဘယ်လို POS မျိုးကို သုံးသင့်လဲ?

မိတ်ဆွေလုပ်ငန်းက လက်လီအရောင်းဆိုင်တွေလိုမျိုး ကုန်ချောဝယ်ပြီးမှ ပြန်ရောင်းတဲ့လုပ်ငန်းမျိုးမဟုတ်ဘဲ ကုန်ကြမ်းတွေဝယ်ပြီး ကုန်ချောကိုယ်တိုင် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းမျိုးဖြစ်နေတဲ့အခါ …

အောက်မှာပြောပြပေးသွားမယ့် Production POS (၃)မျိုးထဲက တစ်မျိုးကို ရွေးချယ်အသုံးပြုရမှာပါ။

  • Production Function (Auto)

    စားသောက်ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲကြော် ကြာဆံကြော်စသည်ဖြင့် အစားအသောက်တွေ ချက်ပြုတ်ရောင်းချတဲ့အခါ ခေါက်ဆွဲဖတ်၊ ကြာဆံဖတ်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ဟင်းသီးဟင်းရွက် စသည်ဖြင့် ကုန်ကြမ်းတွေဝယ်ယူရပါတယ်။

    Product Function (Auto) ဟာဆိုရင် ခေါက်ဆွဲကြော်တွေ ကြော်ဖို့ ကိုယ်ဝယ်ယူရတဲ့ ကုန်ကြမ်းစာရင်းတွေကို POS ထဲထည့်သွင်းထားရုံနဲ့ ခေါက်ဆွဲ (၁၀)ပွဲစာထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို အလိုအလျောက်လျှော့ပေးသွားမှာဖြစ်ပါတယ်။
  • Manual

    Formula နဲ့ အတိအကျ မထွက်နိုင်တဲ့ Production လုပ်ငန်းတွေမှာ ဒီလို POS ကို အများဆုံးသုံးကြပါတယ်။

    ဥပမာ ကော်ဖီမှုန့်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ ကော်ဖီစေ့တစ်ခြင်းသုံးတာချင်းအတူတူ ကော်ဖီမှုန့်က တစ်ပိဿာထွက်လိုက် (၈၀)သားထွက်လိုက်ဖြစ်နေတဲ့အခါ

    တစ်ဖက်မှာ ကုန်ကြမ်းက အတိအကျလျှော့ပေမယ့် ကုန်ချောအတိအကျမထွက်နိုင်တာကြောင့် ကုန်ချောထွက်ချင်တဲ့ ပမာဏပေါ်မူတည်ပြီး ကုန်ကြမ်းတွေကိုလိုသလို ထပ်လျှော့ထပ်တိုးရရင် Production Function (Manual) က အသုံးဝင်ပါတယ်။
  • Retailed Function

    ကုန်ကြမ်းတွေကအစ တခြားကမဝယ်ရဘဲ ကိုယ်တိုင်အကုန်ကျခံထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ အကိုက်ညီဆုံးပါ။

    ဥပမာ – ပုံနှိပ်တိုက်နဲ့ပါတွဲထားတဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ကိုယ်တိုင် စာရွက်ထုတ် စာအုပ်အဖုံးထုတ် စာရိုက်ပြီး ရောင်းချတယ်ဆိုပါစို့။ ကုန်ကြမ်းအစား ကုန်ချောအတွက် ကုန်ကျစရိတ်တွေ (စာအုပ်ထုတ်ဖို့ ကုန်ကျစရိတ်) တွေကို ထည့်သွင်းတွက်ချက်ပြီး Retail Function POS ကို အသုံးပြုပါတယ်ရှင်။

လူကြီးမင်းတို့ရဲ့Production လုပ်ငန်းတိုင်းအတွက် ကိုက်ညီတဲ့ Features အစုံအလင်နဲ့ Production POS များရေးဆွဲဖို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Contact Us : 09-4210 140 55 ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်ရှင်။

OpenMoreOnline

Contact Now