Press ESC to close

Upselling နဲ့ Cross Selling အတွက် အထောက်အပံ့ပေးနိုင်တဲ့ E-Commerce App

E-Commerce တွေရဲ့အကျိုးပြုပုံတွေထဲမှာ ကွက်ကွက်ကွင်းကွင်းရှိပြီး မေ့ထားလို့မရတာကတော့ Upselling နဲ့ Cross Selling တွေကို သိသိသာသာ တိုးလာစေတာပါပဲ။

ဒီနေရာမှာ Upselling က ဘာလဲ? Cross Selling က ဘာလဲ? လို့မေးလာခဲ့ရင်

Upselling ဆိုတာက Buyer အနေနဲ့ ကိုယ်ဝယ်ယူမယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းထက် ပိုပြီးအရည်အသွေးမြင့်တဲ့ ပိုပြီးစျေးကြီးတဲ့ပစ္စည်းတွေကို အမှန်တကယ် ဝယ်ယူဖြစ်သွားတာမျိုးကို ဆိုလိုပြီး

Cross Selling ဆိုတာကတော့ Buyer အနေနဲ့ ကိုယ်ဝယ်ယူမယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းအပြင် တိုက်ရိုက်နည်းနဲ့လည်းကောင်း သွယ်ဝိုက်ပြီးတော့လည်းကောင်း ဆက်စပ်မှုရှိတဲ့ အခြားပစ္စည်းတွေကိုပါ အပိုဆောင်းဝယ်ယူဖြစ်သွားတာမျိုးကို ဆိုလိုပါတယ်။

ဥပမာ ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်ပေးထားတဲ့ E-Commerce App တစ်ခုထဲကို

iPhone 14 Promax ဝယ်ဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်လေ့လာရင်း iPhone 15 Promax ရဲ့ Design တွေ Display တွေ Feature တွေကို သေချာမြင်လိုက်ရတာကြောင့် ရည်ရွယ်ချက်ပြောင်းပြီး 15 Promax ကိုပဲ နောက်ဆုံးဝယ်ယူဖြစ်သွားတာမျိုးဆိုရင်Upselling Point တိုးသွားတာ

ဖုန်းဝယ်ဖို့ရည်ရွယ်ပြီး ဝင်လိုက်ပေမယ့် အခြားမိုဘိုင်းဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Phone Cover၊ Air Pods၊ Light Stick၊ Cooling Fan တွေကိုပါ လိုချင်စဖွယ်မြင်တွေ့လိုက်ရတာကြောင့် တစ်ခါတည်းဝယ်ယူမိသွားတာမျိုးဆိုရင် Cross Selling Point တိုးသွားတာ လို့ သတ်မှတ်နိုင်တာပဲဖြစ်ပါတယ်။

ဒီလိုနည်းလမ်းနဲ့ E-Commerce App တွေဟာ သင့်ဆိုင်ရဲ့Upselling နဲ့ Cross Selling တွေကို သိသိသာသာ တိုးလာစေပြီး ရောင်းအားမြင့်တက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေမှာပါခင်ဗျာ။

OpenMoreOnline

Contact Now

Leave a Reply

Your email address will not be published. Required fields are marked *