
URL Shorteners (Link အတိုကောက်) တွေကို ဘာကြောင့်သုံးသင့်တာလဲ။
အရင်ဆုံး URL Shorteners တွေဆိုတာ ဘာကိုပြောတာလဲ ရှင်းပြပေးချင်ပါတယ်။
URL Shortener အတွက် အလွယ်ဆုံးရှင်းလင်းချက်ကတော့ –
ပုံမှန် URL (တနည်း) Website Link တွေကို အသုံးပြုရအဆင်ပြေအောင် အတိုချုံးထားတဲ့ Link တွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
Normal URL
URL Shortener
ဒီလို Link အတိုကောက်ဖြစ်တဲ့ URL Shorteners တွေကို ဘာကြောင့်သုံးသင့်တာလဲ။
ဘယ်နေရာတွေမှာ ဘာကြောင့်အသုံးဝင်တာလဲဆိုတာ ပြောပြပေးချင်ပါတယ်။

1. Links တွေကို ပိုပြီးထိန်းချုပ်ရလွယ်ကူစေတယ်။
Web Links တွေအားလုံးက ရှည်ပြီး ရှုပ်ထွေးနေတာတော့မဟုတ်ပါဘူး။
သို့ပေမယ့် SEO (Search Engine Optimization) မှာ ရလဒ်ကောင်းစေဖို့အတွက် Keywords တွေကို URL မှာထည့်သွင်းဖော်ပြရတဲ့အခါ ရှည်လျားသွားရပါတယ်။
ဒီအချက်က Users တွေအတွက် Content ကို ကူညီဖော်ပြရာရောက်တဲ့အတွက် ကောင်းတဲ့အချက်ပါ။
သို့ပေမယ့် URL ရှည်သွားတာကြောင့် Message တွေ၊ Email တွေမှာလည်းကောင်း၊ Facebook, Twitter စတဲ့ Social Media တွေမှာလည်းကောင်း သုံးဖို့ဆိုရင်တော့ အခက်အခဲရှိလာပါတယ်။
ဒီလိုပြဿနာတွေကို URL Shorteners တွေက တိုတောင်းကျစ်လစ်ပြီး ထိန်းချုပ်ရလွယ်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့် စာလုံးရေအကန့်အသတ်ရှိတဲ့ SMS Marketing လိုမျိုးနေရာမှာဆိုရင် URL Shorteners တွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။
2. Click Data တွေကို ခြေရာခံစုဆောင်းနိုင်တယ်။

URL Shorteners တွေကို သုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ Links တွေရဲ့ ထိရောက်မှုကို မြင်သာစွာ တိုင်းတာနိုင်ခြင်းကြောင့်ပါ။
အများစုက URL Shorteners တွေမှတဆင့်
- Clicks အရေအတွက်
- အချိန်နှင့် နေ့ရက်
- Device အမျိုးအစား
- အသုံးပြုတဲ့ Browser
- နေရာဒေသ
- ဘာသာစကား စတဲ့အချက်အလက်တွေကို ရယူထောက်လှမ်းလေ့ရှိပါတယ်။
တကယ်တမ်း ဒီလိုအချက်အလက်တွေ စုဆောင်းခြင်းက Google Analytics လို Tools မျိုးတွေနဲ့ လုပ်ဆောင်ပုံချင်းဆင်တူပေမယ့် URL Shorteners တွေနဲ့ဆိုရင် သင့်အပိုင် Website မဟုတ်တဲ့ Links တွေကိုပါ တိုင်းတာနိုင်တာကြောင့် တနည်းပိုပြီးအထောက်အကူဖြစ်ပါတယ်။
ဒီစုဆောင်းထားတဲ့ ဒေတာတွေက ကျွန်တော်တို့ Contents တွေရဲ့ ထိရောက်မှုကို စစ်ဆေးသုံးသပ်တဲ့နေရာမှာ များစွာအကူအညီဖြစ်စေပါတယ်။ Social Media Posts တွေရဲ့ ထိရောက်မှုကိုလည်း ဒီနည်းနဲ့ တိုင်းတာနိုင်ပါတယ်။
3. URL ကို Mask ကာရေးလို့ရတယ်၊ ပြင်ရေးလို့ရတယ်။
မူလလင့်အရှည်ကြီးကို နှိပ်မယ့်သူတွေရဲ့ ယုံကြည်မှုပိုရစေဖို့ Mask အုပ်ခြင်း၊ ပြင်ရေးရခြင်းဖြစ်ပါတယ်။
တခါတလေ ကျွန်တော်တို့ ဂဏန်းတွေ အက္ခရာသင်္ကေတထူလပျစ်တွေနဲ့ လင့်အရှည်ကြီးတွေကို Email ကနေလည်းကောင်း၊ Social Media မှာလည်းကောင်း တွေ့တဲ့အခါမှာ နှိပ်ဖို့ မချိတင််ကဲဖြစ်ကြပါတယ်။
ဒီလိုမဖြစ်စေဖို့ Short URL တွေကိုသုံးပြီး ပြင်ရေးနိုင်မှာဖြစ်ပါတယ် (သတိထားရမယ့်အချက်: တချို့အန္တရာယ်ရှိတဲ့ Link တွေက လူမသိစေဖို့ Short URL နဲ့ကာထားတတ်ပါတယ်)။
ဒီလိုမျိုး Short URL တွေရဲ့နောက်မှာ ဘယ် Website Link ရှိလဲဆိုတာ (မဝင်ကြည့်ဘဲ) သိချင်ရင်တော့ https://unfurlr.com လို Website တွေမှာ ကြည့်လို့ရပါတယ်။
ဒီအချက်ကတော့ သုံးတဲ့ပေါ်မူတည်ပြီး အကောင်း၊ အဆိုးကွဲပြားသွားမှာ ဖြစ်ပါတယ်။
4. မျှဝေတဲ့နေရာမှာ လွယ်ကူအဆင်ပြေတယ်။
URL Shorteners တွေကိုသုံးတဲ့အခါ Links တွေ၊ Content တွေကို နေရာကျဉ်းကျဉ်းမှာ စာလုံးရေနည်းနည်းနဲ့ ဖော်ပြလာနိုင်ပါတယ်။
Twitter မှာဆိုရင် အကြမ်းဖျင်းရှင်းလင်းချက်နဲ့ Webpage တစ်ခုအတွက် Short URL ပါတဲ့ Tweet တစ်ခုကို စာလုံးရေ 140 အောက်မှာတင် ရေးသားနိုင်ပါတယ်။ Full URL ကိုသာ သုံးမယ်ဆိုရင် ရှင်းလင်းချက် အပြည့်အစုံကို မဖော်ပြနိုင်ပါဘူး။
အခုအခါ စာရိုက်ပေးပို့ခြင်း (Messaging) နဲ့ အင်တာနက်၊ ဆိုရှယ်မီဒီယာတွေ ပိုမိုအသုံးများလာသည့် အားလျော်စွာ Content တွေမျှဝေတဲ့အခါ ပိုမိုသေးငယ်ကျစ်လစ်ဖို့ လိုလာပြီး Short URL တွေရဲ့ အရေးပါပုံကလည်း အရာရောက်လာပါပြီ။
5. သင့် Link ကိုမှတ်မိလွယ်အောင် ကူညီပေးတယ်။

ကျွန်တော်တို့ရဲ့ Article သို့မဟုတ် Offer တခုခုကို ညွှန်းဆိုတဲ့ Links တွေကိုကြည့်လိုက်မယ်ဆိုရင် ရှုပ်ထွေးပြီး မှတ်မိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
အထူးသဖြင့် Social Media မှာအသုံးပြုတဲ့အခါ စာဖတ်သူတွေအနေနနဲ့ ကျွန်တော်တို့ရဲ့ Description/Content ကိုလည်းဖတ်နေရချိန် နောက်ထပ် Link ရှည်ရှည်ကြီးတစ်ခုကို ဝင်ဖြစ်ခဲ့ရင်တောင်မှ မှတ်မိနေဖို့ မလွယ်ကူပါဘူး။
ဒီလိုနေရာမှာ URL Shorteners တွေက တိုပြီးမှတ်မိလွယ်တာကြောင့် နောက်တခါစဉ်းစားမိဖို့ အထောက်အကူဖြစ်ပါတယ်။
6. Print ထုတ်ထားတဲ့ပစ္စည်းတွေမှာ သုံးလို့အဆင်ပြေတယ်။
သင့် Links ကို Printed Marketing Media တွေမှာ ထည့်ဖို့ဆိုရင်လည်း Short Links တွေက ပိုပြီးအဆင်ပြေပါတယ်။
လက်ကမ်းစာစောင်၊ ကျေးဇူးတင်ကဒ်၊ ကူပွန် စတာတွေကနေ Web Page တစ်ခုကို ညွှန်းဆိုမယ်ဆိုရင် ဖတ်ရလွယ်သလို ပြန်ပြီး ဖုန််းမှာရိုက်ထည့်ဖို့လည်း အဆင်ပြေတဲ့ Short Links တွေကို သုံးဖို့လိုလာပါတယ်။
Short Links တွေက နေရာလည်းသိပ်မယူတာကြောင့် သင့်ရဲ့ Printed Media တွေကိုလည်း ရှုပ်ထွေးသွားစေမှာ မဟုတ်ပါဘူး။
ဒီနေ့ဖော်ပြပေးခဲ့တာကတော့ URL Shorteners တွေကို အသုံးပြုသင့်တဲ့ အကြောင်းအရင်း 6 ချက်ဖြစ်ပါတယ်။ အခုလို Article တွေကို လက်မလွတ်သွားဖို့အတွက် အောက်ပါဖောင်ကို ဖြည့်စွတ်ထားလိုက်ပါ။
[contact-form-7 id=”3095″ title=”Collect Form”]
သင့်အတွက် အထောက်အကူဖြစ်မယ်ဆိုရင် အောက်ပါခလုတ်လေးတွေနှိပ်ပြီး သင်အသုံးပြုတဲ့ Social Media မှာ ပြန်လည်မျှဝေပေးနိုင်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ တရက်တာလေးဖြစ်ပါစေ။ နောက်ပို့စ်တွေမှာ ပြန်တွေ့ပါမယ်ခင်ဗျာ။
Comments (7)
GIRLS-INTO-YOU.COMsays:
June 28, 2025 at 3:57 pmWhen weaknesses are removed, the boobs will change into naturally firmer.
When the weakness is eliminated, the bosoms
will acquire again their dimension and form. But destiny
intervened, and the record that was tentatively titled Milk and Honey was held back till several years after John’s death.
Yes offering milk. Not only is this embarrassing and irritating, it is unnatural.
How do these capsules work? A black pencil skirt can take you from work to bar in a mere instantaneous.
You guys take care! This would possibly take time, but delivers satisfactory results.
Not the same as a lot of the card fighting game where you will notice creature, boobs, sword, and lots of different
things, Steel commander are going to revolve round Tank, Soldier with gun along with different navy junk you can see.
Nevertheless, primarily these recreation options monster on it or pretty anime character for the artwork, what about navy primarily
based video games for different followers on the market?
เสื้อคอปกsays:
August 3, 2025 at 9:36 amเนื้อหานี้สุดยอดมากเลย ข้อมูลเกี่ยวกับขอบคอโปโลมันดึงดูดสุดๆ ตัวเองแทบไม่เข้าใจมาก่อนว่าส่วนนี้มีอิทธิพลต่อสไตล์ขนาดนี้
ชอบที่คนเขียนขยายความให้เข้าใจว่าตัดสินใจปกแบบไหนถึงจะลงตัวกับเรา
Look into my site เสื้อคอปก
Hobicode - jasa pembuatan websitesays:
January 7, 2026 at 11:33 amHey there! I’ve been following your blog for some time now and finally got the bravery to go ahead and give
you a shout out from Atascocita Tx! Just wanted to mention keep up
the great work!
Hobicode - jasa pembuatan websitesays:
January 7, 2026 at 2:18 pmWow, this post is pleasant, my younger sister is analyzing these
things, thus I am going to tell her.
whatisthenumber1australianonlinecasinosays:
February 7, 2026 at 7:43 pmBaccarat Online Australia Real Money Join Now
aiyifansays:
February 19, 2026 at 10:59 pm凯伦皮里第一季高清完整版运用AI智能推荐算法,海外华人可免费观看最新热播剧集。
小宝影视国产自拍says:
February 20, 2026 at 12:06 am戏台在线免费在线观看,海外华人专属平台结合大数据AI分析,高清无广告体验。