
SEO လုပ်တဲ့အခါ ကိုယ်နားလည်တဲ့အပိုင်းတွေကိုပဲ လုပ်ဆောင်လို့မရပါဘူး။ SEO တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ထားဖို့၊ သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။
ဒါကြောင့် SEO ကို On-page နဲ့ Off-page လို့နှစ်ပိုင်းခွဲခြားနိုင်ပြီး တစ်ခုစီမှာပါဝင်တဲ့ သိထားသင့်သမျှကို ရှင်းပြပေးချင်ပါတယ်။
On-page SEO မှာဘာတွေပါဝင်လဲ?
On-page SEO မှာတော့ သင့် Website ရဲ့ Search Ranking နဲ့ Position ကိုတိုးတက်စေဖို့ Website အတွင်းမှာ တိုက်ရိုက်လုပ်ဆောင်နိုင်တဲ့ တိုင်းတာဆောင်ရွက်ချက်တွေ အကုန်ပါဝင်ပါတယ်။

Keywords

Keywords ဆိုတာ သင့်ကာစတမ်မာတွေ Search Box မှာလာရိုက်တဲ့ စကားလုံးတွေ၊ စကားစုတွေ၊ စာကြောင်းတွေ၊ မေးခွန်းတွေ ဖြစ်ပါတယ်။
ဥပမာ – How to do digital marketing ကလည်း Keyword ဖြစ်သလို Digital Marketing, Online Marketing ကလည်း Keywords တွေဖြစ်ပါတယ်။
ဒီလိုမျိုး သင့်ပစ်မှတ်ဈေးကွက်မှာ ရှာဖွေမှုအများဆုံး Keywords တွေကို အရင်ဆုံး စစ်တမ်းထုတ်ရပါတယ်။ ပြီးတဲ့အခါမှ ဒီKeywords တွေ ရိုက်ရှာတဲ့အခါ သင့် Web Page က ရှေ့ဆုံးမှာ ပေါ်လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Meta Description

Keywords တစ်ခုကိုရှာလိုက်လို့ Search Results မှာ Web Pages တွေကျလာတဲ့အခါ အပြာရောင် Title အောက်မှာ အမည်းရောင်နဲ့ရေးထားတဲ့ စာသားအပုဒ်ကို Meta Description လို့ခေါ်ပါတယ်။
Meta Description တွေက ဆွဲဆောင်မှုရှိဖို့လိုပြီး Click Rate မြင့်တက်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
Alt Text
Alternative Text ဆိုတာကတော့ Web Page တွေမှာ ပုံ (Image) တွေထည့်ထားတဲ့အခါ Internet Connection မကောင်းလို့ မပေါ်တဲ့အခါမှာ အစားထိုးပြသပေးတဲ့ စာကြောင်းဖြစ်ပါတယ်။
ဥပမာ သင်က ကြောင်လေးတွေ ချောကလက်ကိတ်မုန့်စားတဲ့ပုံ ထည့်ထားတယ်ဆိုရင် “Cats eating Chocolate Cake” လို့ Alternative Text အနေနဲ့ ပေးထားရမှာပါ။
Title Tag

သင့် Website ကို Click Rate မြင့်တက်ဖို့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။
Title Tag ဆိုတာ Keywords ရိုက်ရှာလို့ ကျလာတဲ့ Search Results ရဲ့ Web Pages တွေမှာ အဓိကမြင်ရတဲ့ အပြာရင့်ရောင်စာတန်း ဖြစ်ပါတယ်။
Title တွေမှာ Focused Keywords တွေပါဖို့ လိုသလို နှိပ်ကြည့်လောက်အောင် ဆွဲဆောင်နိုင်ဖို့လည်း လိုပါတယ်။
SSL/HTTPS

Secure Sockets Layer (SSL) လုပ်ဆောင်ခြင်းက သင့် Website အတွက် လုံခြုံမှု၊ စိတ်ချရမှုနဲ့ Visibility (Search Results တွေမှာပေါ်လွင်မြင်သာမှု) ကိုတိုးတက်စေဖို့ အရေးတကြီး လိုအပ်ပါတယ်။
SSL လုပ်ဆောင်ထားခြင်းဖြင့် သင့်ရဲ့ web server နဲ့ visitor ရဲ့ web server ကြားမှာ third party တခုခုက ဝင်ရောက်ဖောက်ထွင်းခြင်းကနေ ကာကွယ်နိုင်ပါတယ်။ Site ပေါ်ဝင်ရောက်ထားတဲ့ Visitor ရဲ့အချက်အလက်တွေကို လုံခြုံမှုရှိစေပါတယ်။
URL Structure
အထက်မှာဖော်ပြထားတဲ့ အချက်တွေအပြင် URL Structure ပုံစံကျဖို့ကလည်း အရေးကြီးပါတယ်။
ဒီလို Structure ကျမှုက Search Engine တွေအတွက် သင့် Website ရဲ့ page တခုကနေ နောက်တခုကို crawl လုပ်ဆောင်တဲ့နေရာမှာ ပိုလွယ်ကူစေပြီး visitors တွေကိုလည်း ရှာဖွေသွားလာရအဆင်ပြေစေပါတယ်။
ဒါကြောင့် URL မှာ သက်ဆိုင်ရာ Web Page ကိုထင်ဟပ်စေတဲ့ Keywords တွေထည့်သွင်းဖို့၊ Link ကိုဖတ်တဲ့အခါ နားလည်လွယ်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
ဒါမှသာ Clicks များများရရှိနိုမှာဖြစ်ပြီး Search Engine ကိုလည်း crawl လုပ်ရလွယ်ကူစေမှာပါ။
Internal Linking
Internal/ Inbound Links ကတော့ Website ထဲမှာဘဲ Web Pages တွေအချင်းချင်း Links ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။
SEO Score မြင့်တက်ဖို့ Web Pages တွေမှာ ကိုယ့် Website ရဲ့အခြား Web Pages တွေကို လှမ်းချိတ်ထားတဲ့ Inbound Links တွေပါဝင်ရပါမယ်။
Page Performance
အထက်မှာဖော်ပြခဲ့တဲ့ Factors တွေက Content Quality, Structure တို့နဲ့သက်ဆိုင်သည့်တိုင် သင့် Website နဲ့ Web Pages တွေရဲ့ Performance ကလည်း On-page SEO ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
Loading အရမ်းကြာတဲ့ Page တွေ၊ Mobile Friendly မဖြစ်တဲ့ Page တွေက SERPs (Search Engine Result Pages) မှာရလဒ်ကောင်းမှာ မဟုတ်ပါဘူး။
အကြောင်းကတော့ Users တွေရဲ့ စိတ်ပျက်သွားမှုနဲ့အတူ ချက်ချင်းပြန်ထွက်သွားမှုကို ကြုံရများလာတာနဲ့ Bounce Rate မြင့်တက်လာမှာကြောင့် ဖြစ်ပါတယ်။
Search Engine တွေမှာ ဒီအချက်ကို Ranking Factor သတ်မှတ်တဲ့နေရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် အသုံးပြုပါတယ်။ သို့ဖြစ်တာကြောင့် Pages တွေပေါ်က Img Sizes တွေအရမ်းမကြီးဘဲ Loading Time နည်းစေဖို့၊ Mobile Friendly ဖြစ်ပြီး User Experience ကောင်းကောင်းကို ပေးစွမ်းနိုင်ဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။
Off-page မှာရောဘာတွေပါဝင်လဲ?
On-page SEO မှာတော့ သင့် Website ပေါ်မှာထိန်းချုပ်နိုင်တဲ့ အချက်တွေပါဝင်သလို Off-page မှာတော့ သင့် Website ပေါ်မှာမဟုတ်ဘဲ Ranking ကိုသတ်မှတ်ထိန်းချုပ်နိုင်တဲ့ အချက်တွေပါဝင်ပါတယ်။

Backlinks
Backlinks ကတော့ ကိုယ် Website ရဲ့ Web Pages တွေဆီကို အခြားသော Websites တွေမှ Outbound Links အနေနဲ့ ချိတ်ဆက်ခံရခြင်း ဖြစ်ပါတယ်။ Backlinks တွေများများရရှိလေ SEO Score မြင့်တက်လေဖြစ်ပါတယ်။
Domain Authority
Search Engine တွေမှ သင့် Website ရဲ့အားကောင်းခိုင်မာမှုကို သတ်မှတ်တဲ့နေရာမှာ Domain Authority က အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။
Domain Authority ကို Grade တစ်ခုအနေနဲ့ သတ်မှတ်ထားနိုင်ပြီး Domain Authority ပိုမြင့်လေ၊ Search Results တွေမှာ ရလဒ်ကောင်းလေဖြစ်ပါတယ်။
Domain Authority ကိုသတ်မှတ်တဲ့နေရာမှာတော့ Domain Name ရဲ့ အတိုအရှည်၊ နားလည်လွယ်မှု၊ Backlinks အရေအတွက်၊ ပါဝင်တဲ့စကားလုံးတွေရဲ့ အားကောင်းမှု၊ 404 ပေ့ချ်အရေအတွက် စတာတွေကိုတိုင်းတာတာ ဖြစ်ပါတယ်။
Social Promotion
Page Ranking တွေက Social Media Post တွေနဲ့ တိုက်ရိုက်မဆက်စပ်သည့်တိုင် Link Click များများရစေတဲ့ Social Posts တွေက Webstie Traffic ကိုတက်စေမှာဖြစ်ပြီး Link Shares တွေလည်း များများရစေပါတယ်။
ဒါကြောင့် အခြားသော ပလက်ဖောင်းတွေပေါ်မှာ သင့် Site ကို Traffic များများရရှိဖို့ Links တွေကို နေရာအစုံမှာ တင်ပေးထားဖို့လိုပါတယ်။
Search Engine Ranking မြင့်တက်စေဖို့အတွက် On-page နဲ့ Off-page SEO တို့နှစ်ခုလုံး လက်တွဲညီညီ အလုပ်လုပ်ဖို့ လိုပါတယ်။
ဒါကြောင့် အခုပဲ သင်ထိန်းချုပ်ရလွယ်တဲ့ On-page SEO ဖြစ်တဲ့ အရည်အသွေးကောင်းကောင်း Content တွေဖန်တီးခြင်းအားဖြင့် Off-page SEO တွေဖြစ်တဲ့ Backlinks တွေများများရလာဖို့၊ Domain Authority မြင့်တက်လာဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာမှာပါခင်ဗျာ။
ဒီနေ့ဖော်ပြပေးခဲ့တာကတော့ On-page SEO နဲ့ Off-page SEO မှာပါဝင်တဲ့ အချက်အလက်တွေ အကြောင်းပဲဖြစ်ပါတယ်။ သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Social Media တွေမှာ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုချင်ပါတယ်။
အခုလို Articles တွေကိုလက်မလွတ်သွားဖို့ အောက်ပါဖောင်ကို ဖြည့်စွက်ထားနိုင်ပါတယ်။ နောက်ပို့စ်တွေမှာ ပြန်တွေ့ပါမယ်။ သာယာတဲ့ တရက်တာလေး ဖြစ်ပါစေခင်ဗျာ။
[contact-form-7 id=”3095″ title=”Collect Form”]
Comments (5)
Sariah Moralessays:
June 8, 2025 at 12:17 pmFastest managed cloud hosting in new orleans – https://digitalfinds.reviewfriendly.com/best-managed-cloud-hosting-in-new-orleans/
Kamari Deckersays:
June 20, 2025 at 9:56 amEasy Guide to Make Magento Faster – https://digitalfinds.reviewfriendly.com/make-magento-faster/
Kaydence Hahnsays:
June 25, 2025 at 1:19 pmHow to Reduce Website Downtime: A Complete Guide for Web Owners – https://digitalfinds.reviewfriendly.com/how-to-reduce-website-downtime/
Anya139slsays:
October 6, 2025 at 9:32 pmHello lads!
I came across a 139 interesting platform that I think you should check out.
This tool is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://suwiki.org/betting/get-rid-of-mold-in-the-shower-with-alcohol/
Additionally don’t neglect, guys, — one constantly may inside the article locate solutions to address your most confusing queries. We attempted to lay out the complete content using the very accessible way.
Anya139slsays:
October 7, 2025 at 5:27 pmHello guys!
I came across a 139 useful resource that I think you should dive into.
This site is packed with a lot of useful information that you might find interesting.
It has everything you could possibly need, so be sure to give it a visit!
https://cendoldawet.org/gambling-tips/5-sports-with-the-biggest-fans/
Furthermore do not forget, everyone, that you constantly can in this particular publication find responses for the most most complicated inquiries. Our team made an effort to lay out all data using the most easy-to-grasp manner.