ဘူး ကတ် လုံး စနစ်လို့ အလွယ်သိကြတဲ့ Unit Linking Function

ဘူး ကတ် လုံး စနစ်လို့ အလွယ်သိကြတဲ့ Unit Linking Function

POS တွေမှာ ဘူး ကတ် လုံး စနစ်လို့ အလွယ်သိကြတဲ့ Unit Linking Function ဆိုတာဘာလဲ?

မိတ်ဆွေက Retail Shop တစ်ခု ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးဆိုပါစို့။

ဆိုင်မှာ ရေသန့်ဘူးတွေတင်ရောင်းမယ်၊ တင်ရောင်းတဲ့အခါ ဝယ်သူတွေအနေနဲ့ တစ်ဘူးချင်းလည်းဝယ်နိုင်မယ် ခြောက်ဘူးတစ်ကတ်လည်း ဝယ်နိုင်မယ်ဆိုရင်၊

တစ်ဘူးချင်းဝယ်ယူတဲ့ အရေအတွက်နဲ့ တစ်ကတ်လိုက်ဝယ်ယူတဲ့ အရေအတွက်တွေက ရောထွေးသွားပြီး Stock လက်ကျန်စစ်ရာမှာ အခက်တွေ့နိုင်ပါတယ်၊ Stock လက်ကျန်အတိအကျကို မသိတော့ဘဲ အချိန်မှီ Stock မဖြည့်တင်းနိုင်တာတွေဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Retail POS ရဲ့Stock Control မှာပါဝင်တဲ့ Unit Linking Function (Strip Size) က ဒီလိုပြဿနာကို တားဆီးပေးပြီး တစ်ဘူးချင်းဝယ်ယူသူ (၆) ဦးပြည့်တဲ့အခါ System ထဲမှာ ခြောက်ဘူး တစ်ကတ်စာ တစ်ခါတည်း လျှော့ချပေးသွားမှာမို့ Stock Control ကို ပိုမိုနိုင်နင်းစွာ ပြုလုပ်နိုင်ပါမယ်။

အလားတူပဲ Pharmacy POS အသုံးပြုတဲ့ ဆေးဆိုင်တွေမှာဆိုရင်လည်း ဆယ်လုံးတစ်ကတ်၊ လေးကတ်တစ်ဘူး စသည်ဖြင့် အလုံးလိုက်ရော၊ ကတ်လိုက်ရော၊ ဘူးလိုက်ပါ လိုသလိုရောင်းချတဲ့အခါ၊

ဆယ်လုံးဝယ်သွားတာနဲ့ တစ်ကတ်၊ လေးကတ်ပြည့်အောင်ဝယ်သွားတာနဲ့ တစ်ဘူးစီ အလိုအလျောက် Stock နှုတ်ပေးပြီး Stock Control ပိုင်းဆိုင်ရာကို ပိုမိုလွယ်ကူတိကျစေမှာပါရှင်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုင်းအတွက် အသုံးဝင် POS များရေးဆွဲဖို့ စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Contact Us : 09-4210 140 55 ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်ရှင်။

OpenMoreOnline

Contact Now